Peter’s Escape copy 1
ဝိုင်းရဲ့ ကျောင်းကလုပ်ရတဲ့ ပထဝီဆိုင်ရာစီမံကိန်းတခုကြောင့် မောင်သစ်နဲ့ ဂစ်ဇ်မိုတို့က ကမ္ဘာပတ်ပြီး Holo-9 ထိရောက်မှုရှိစေတဲ့ ခရီးစဉ်ကို ပို့ပေးခြင်းဖြင့် ကူညီပေးကြတယ်။ ဝိုင်းက ဆင်းရဲနွမ်းပါးတာတွေ၊ ခက်ခဲ တာတွေစတဲ့ မြင်ကွင်းကို သူမြင်ရတဲ့အခါ လူတွေရဲ့အခြေအနေက သူကိုစိတ်ပင်ပန်းစေပြီး ဒါကိုဘယ်လိုပြောင်းလဲနိုင်မလဲဆိုတာကို တွေးတောနေတယ်။ စူပါစာအုပ်က ဝိုင်း၊ မောင်သစ်နှင့် ဂစ်ဇ်မိုတို့ကို ပေတရု၊ ရောဒါ၊ မာရိနှင့် ယေရှု၏ အခြားနောက်လိုက်များနဲ့ တွေ့ဆုံဖို့ ခေါ်ဆောင်သွားပါသည်။ ဆုတောင်းခြင်း၏တန်ခိုးက အံ့ဩစရာပြောင်းလဲမှုတွေကို ဘယ်လိုဖြစ်ပေါ်စေနိုင်တဲ့ကြောင်း ကလေးများက သင်ယူကြသည်။
သင်ခန်းစာ (၁) ဆက်လက်တောင်းလျှောက်ပါ။
အဓိကအချက် - ဆုတောင်ခြင်းကရလဒ်တွေကိုပေးတယ်။
ရွှေကျမ်းချက် - ပေတရုသည်ထောင်၌ အကျင်းနေရစဉ်၊ သင်း ဝင်သူတို့သည် သူ့ဘို့ကြိုးစား၍ ဘုရားသခင်ကို ဆုတောင်းဝတ်ပြုကြ၏။ တမန်တော် ၁၂:၅ ( JBMLE)
သင်ခန်းစာ (၂) အခမဲ့ပေးတယ်။
အဓိကအချက် - လက်ခံရရှိတဲ့အရာတွေကို စိတ်ရင်းနဲ့ ပေးလိုက်မယ်။
ရွှေကျမ်းချက် - ပေတရုကလည်း၊ ငါ၌ရွှေငွေမရှိ။ ရှိသည်အရာကိုသင့်အားငါပေးမည်။ နာဇရက်မြို့သား ယေရှုခရစ်၏ နာမတော်အားဖြင့် ထ၍ လှမ်းသွားလော့။” တမန်တော် 3:6 (JBMLE)
သင်ခန်းစာ (၃) ခရစ်တော် အောင်နိုင်ခဲ့ပြီ။
အဓိကအချက် - ယေရှု ဒီလောကကို အောင်နိုင်ခဲ့ပြီ။
ရွှေကျမ်းချက် - “မြော်လင့်လျက်ဝမ်းမြောက်ကြလော့။ ဆင်းရဲဒုက္ခရောက်သောအခါသည်းခံကြလော့။ ဆုတောင်းပဌနာပြုခြင်းအမှုကိုအမြဲပြုကြလော့” ရောမ ၁၂:၁၂ (JBMLE)